စိတ်တွေပျက်နေလဲရှင်သန်အောင်နေရဦးမှာပဲ

 အဆင်မပြေလဲ ဘယ်လိုလုပ်မလဲ?.. အားတင်းပြီး ရှင်သန်နေရတာပေါ့.. 😊။ အဆင်မပြေတာ ကိုယ့်တစ်ယောက်တည်းမှ မဟုတ်တာ ဒီလိုပဲ ဖြေရမှာပေါ့။ 

ကိုယ့်ကိုအားပေးဖို့ ဘယ်သူ့မှာမှ တာဝန်ရှိမနေဘူးလေ။ ချစ်ခြင်းတရားတွေဆိုတာကလည်း တစ်ဘက်က အရမ်းချစ်ရင် တစ်ဘက်က အရမ်းပေါ့ပျက်ပျက်ဆန်သွားတာမျိုးတွေပဲ ဆိုတော့လဲ ဘယ်သူ့ကိုမှလဲ အပြစ်မတင်ချင်ဘူး။ ကိုယ်ကိုယ်တိုင်လဲ ဒီလိုတွေ ကြုံခဲ့ဖူးတော့လဲ အဆင်ပြေပါတယ်... 

တနေ့စာ တနေ့စာပဲ ရှင်သန်တော့မယ်.. မနက်ဖြန်အကြောင်း သိပ်မတွေးချင်တော့ဘူး။ အနာဂတ်နေ့ရက်တွေ အကြောင်းလဲ မတွေးချင်တော့ဘူး။ စက်ရုပ်ဆန်ဆန် အသက်ရှင်ချင်တယ်။ 



Comments