သူ (၁)

 

ကျွန်တော့်အသက် ၃၂ နှစ်ပါ..။

ကျောင်းကတည်းကနေပြီး.. အခုချိန်ထိ..  ချစ်သူရည်းစား (၂)ယောက် ထားခဲ့ဖူးပါတယ်။

ကျောင်းသားဘဝမှာ ရည်းစားမရှိခဲ့ဖူးပါ။ ကြိတ်ကြိုက်ခဲ့ပြီး ဖွင့်မပြောခဲ့တာတွေတော့ရှိခဲ့တယ်။

ကျွန်တော် (၉) တန်းအောင်ပြီး မိသားစုတွေလည်း ထိုင်းဘက်ပြောင်းကုန်တော့.. ကျွန်တော် ကျောင်းဆက်တက်ဖို့ အခက်ခဲ ရှိတာနဲ့ ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းနဲ့ ဝင်လိုက်သွားခဲ့ပါတယ်။

အဲဒီမှာအလုပ်တွေလုပ်ရင်း.. ကျွန်တော် သဘောကျတဲ့သူတစ်ယောက်တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ချစ်သူ ရည်းစားဖြစ်ခဲ့ပါတယ်။ (၈) နှစ်နီးပါး သူနဲ့တွဲခဲ့ပါတယ်။ သူကျွန်တော့်ကိုအရမ်းချစ်ခဲ့ပါတယ်။ ကျွန်တော်ကသာ ပြန်လည်တုန့်ပြန်မှုအားနည်းခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ ကွဲကွာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကျွန်တော်တို့ ပြတ်သွားခဲ့ပါတယ်။ (၈)နှစ်နီးပါး သူ့ဘက်ကအရမ်းချစ်ပေးပြီး တာဝန်ကျေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ပြန်ချစ်ဖို့ ကြိုးစားပါတယ်။ ၂ နှစ်လောက် ကြာတယ်.. ကြိုးစားလေလေ စိတ်ဝင်စားမှုက နည်းလေလေ ဖြစ်နေပြီး နောက်ဆုံး ကျွန်တော်တို့လမ်းခွဲလိုက်တယ်။

အခု..ကျွန်တော်.. ကျွန်တော်ချစ်တဲ့ ကောင်မလေးတစ်ယောက်တွေ့လို့ အချစ်ရေးဆိုခဲ့ပါတယ်။ တွေ့ဆို အခုမှတွေ့ တာမျိုးမဟုတ်ပဲ သိနေတာတော့ကြာပြီ၊ ကျွန်တော်တို့ ချစ်သူတွေမဖြစ်ခင် သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။ 

အနီးမှာနေတုန်းက သူငယ်ချင်းအဖြစ်နဲ့ပဲ ကျွန်တော်တို့တွေ ရိုးသားပွင့်လင်းစွာနဲ့ခင်ခဲ့ပါတယ်။ ခင်ဆို တအားကြီး ရင်းရင်းနှီးနှီးတော့ရှိခဲ့ကြတာမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့က တစ်မြို့နယ်စီဖြစ်ပါတယ်။  

ဒီလိုနဲ့ ကျွန်တော်တို့အရေးအခင်းတွေဖြစ်ပြီး ကျွန်တော်လည်း ရွာမှာနေတုန်းက လုပ်နေတဲ့ မိတ္တူဆိုင်သေးသေး လေးကို ဆက်လက်လည်ပတ်ဖို့ အခက်ခဲတွေရှိလာတဲ့အတွက် နားလိုက်ပြီး အလုပ်ရှာခဲ့ပါတယ်။

အလုပ်ရှာတော့ ကျွန်တော့်ရဲ့ ဝမ်းကွဲညီ အဆက်အသွယ်နဲ့ ညီအစ်ကိုနှစ်ယောက် ကော့သောင်းဘက်မှာ အလုပ် တစ်ခုရခဲ့ပါတယ်။ 2021-07-03 ရက်နေ့မှာ အလုပ်ဝင်ခဲ့ပါတယ်။

အလုပ်ဝင်ပြီး ၃ လခန့်အကြာမှာ သူနဲ့ Messanger ကနေပြီး ကျွန်တော်တို့ စကားတွေပြောဖြစ်ရင်း၊ ရင်းနှီးလာခဲ့တယ်။ ဒီလိုရင်းနီးမှုတွေက စပြီးသံယောဇဉ်တွေဖြစ်လာခဲပြီး ကျွန်တော်သူ့ကို ချစ်ခွင့်ပန်ခဲ့တယ်။

၂.၂.၂၀၂၂ မှာ သူနဲ့ကျွန်တော် ချစ်သူတွေဖြစ်သွားခဲ့တယ်။

အဲဒီနေ့ကစပြီး ကျွန်တော်ပျော်တယ်.. သူလည်းကျွန်တော့်ကို ဂရုစိုက်ပါတယ်။ .. ကျွန်တော်လည်းသူ့ကို အရမ်း ဂရုစိုက်ပြီး ချစ်နေမိတယ်။ .. သူ့ကိုကျွန်တော်ပျော်စေသလို ကျွန်တော့်ကိုလည်း သူက ပျော်စေတယ်။ 

ကျွန်တော် တို့တွေ Long Distance Relationship တွေပဲ ရှိပါသေးတယ်။..

..(1)



Comments