ဟုတ်ပါတယ်.. ကိုယ်လုပ်ချင်တာ လုပ်ဖို့ လူဖြစ်လာတာ


"ဟုတ်ပါတယ်.. ကိုယ်လုပ်ချင်တာ လုပ်ဖို့ လူဖြစ်လာတာ"

ဒီစကားထဲကလိုပဲ လုပ်ချင်တာ လုပ်နေ ချင်တာပဲ.. ဒါပေမယ့်.. ကျွန်တော်တို့ဘဝတွေ အနောက်ကို ပြန်ကြည့်ရတာတွေက များလွန်းပါတယ်ဗျာ။.. 

ကိုယ်လုပ်ချင်တာ လုပ်နေတဲ့စပ်ကြားမှာ အနောက်ကို မလှည့်ကြည့်ချင်ပေမယ့် အသံတွေကြားတော့ မလှည့်ကြည့်ပဲ မနေနိုင်ဘူး။ ဒီလိုနဲ့ ပြန်သွားလိုက် ပြန်ပြေးလိုက်နဲ့ ခရီးက လိုသလောက်မရောက်တော့ဘူး။ 

စွန့်စွန့်လွတ်လွတ် ထားရစ်ပြီး တစ်ကိုယ်တော် စွန့်စားသွားပစ်လိုက်ချင်ပေမယ့်လည်း.. အကြောင်းပြချက်လို့ ပြောလို့ရမလား? ဒီ မိသားစုဆိုတဲ့ အသိုက်အမြုံလေး လူမစုံပေမယ့် တွယ်ငြိနေမိပြန်တယ်။

ခုထိ အဖြစ်ချင်ဆုံးအရာဆိုတာ ဘာလဲ ရှာမတွေ့ပဲ.. ယောင်ချာချာဖြစ်နေခဲ့တယ်။ အားတော့မလျော့ဘူး.. ငါ ဆက်လျှောက်နေမယ်.. ဘာတွေပဲ ကြုံလာကြုံလာ ရင်ဆိုင်ပစ်လိုက်တော့မယ်။

ဒီတစ်ခါတော့ ဘာမှ အနောက်ပြန်မကြည့်နိုင်တော့ဘူး... 

"ငါ့ကိုယ်ငါ ရှာဖွေဖို့ သွားလိုက်ဦးမယ်"!!! 

Comments