မိုးစက် မင်းအသုံးမကျတာ မင်းဖတ်ဖို့အတွက်

 ငါပဲ... အကြောင်းပြချက်တွေအများကြီးပေးပြီး နောက်ကျန်နေခဲ့တာ..

ဒီလိုပြောလို့ ဒီကောင် အသိတရားရသွားပြီပဲ လို့ မတွေးလိုက်နဲ့.. ဆက်မိုက်မဲနေဆဲပဲ။

သိသိနဲ့ မပြင်တဲ့အကျင့်တွေ.. ဒီလိုနဲ့ အိပဲ့အိပဲ့ ဆက်သွားနေတာ.. လူရှေ့ကျရင် ငိုပြတတ်တဲ့ 

"ငါ.. လူပျော့"

ဒီလိုပျော့ပြနေလို့ မင်းကို လူများအထင်ကြီးမယ်ထင်လား... 

မင်းသုံးစားမရတာကို လူတွေပိုပို သိသွားတာပဲ အဖတ်တင်တယ်

မင်းတကယ်များအရည်အချင်းရှိရင် လုပ်ပြလိုက်စမ်းပါ.. တစ်နေရာရာမှာများ ထူးချွန်အောင်..

မင်း ဘာမှမလုပ်ပြနိုင်ဘဲနဲ့ မင်းကို မင်းတောင် မယုံကြည်နိုင်ဘဲနဲ့

မင်းကို ဘယ်သူက အားကိုးရဲမှာလဲ? ဘယ်သူကများ ယုံကြည်ရဲမှာလဲ..?

ဒါအမှန်တရားပဲ...

မင်း.. အဖြစ်ရှိအောင်တော့ နေလိုက်စမ်းပါ.. 

ဘဝမှာ ဘာပံ့ပိုးမှမရှိဘူးဆိုပြီး အကြောင်းပြချက်လေးပေးပြီး ရှင်သန်နေရင်

မင်း... တနေ့ ုုက္ခကောင်းကောင်းရောက်မယ့်အပြင်

မင်း ချစ်တဲ့ လူကိုလည်း စွန့်လွှတ်ရလိမ့်မယ်နော်။..

အချစ်တစ်ခုတည်းနဲ့ ရှေ့ဆက်ဖို့တော့ မင်း မိုက်မဲလွန်းတယ်..

မင်းချစ်တဲ့သူကို မင်းရဲ့ ပျော့ညံ့မှုတွေနဲ့ မဆွဲချမိစမ်းပါနဲ့...

မင်းချစ်တဲ့သူကို ပျော်အောင်ထားနိုင်ဖို့ မင်းအရည်အချင်း ရှိစမ်းပါ..

အများကို ကူညီချင်တယ် ထိုင်အော်နေလို့လဲ မပြီးသေးဘူးနော..

မင်း... အသက်ဘယ်လောက်လဲ.. မှတ်ထားပါ.. 

စိတ်နာတတ်စမ်းပါ.. 

စိတ်နာတတ်စမ်းပါ....

မင်းဒီတိုင်းနေရင်.. မင်း သူ့ကို လဲ လက်လွတ်လိုက်ရမှာနော...

ထိုင်ပီး ချစ်တယ်ပဲ အော်နေလို့မရဘူးနော...

ခေတ်အလိုက် ငွေက စကားမပြောပေမယ့်.. 

ဒီအရာနဲ့ မင်း ဖန်တီးနိုင်တာတွေ..အများကြီးရှိပါတယ်..

မင်း... မင်းချစ်တဲ့သူ/ သူတွေကို ကူညီချင် ပိုင်ဆိုင်ချင်ရင်တော့

ဒီတိုင်းနေလို့မရတော့ဘူးနော.......

ဒါနောက်ဆုံးသတိပေးချက်ပါ...

မင်းဘဝကို မင်းပြင်ပါ.. တစ်ခုခု ရှာဖွေစမ်းပါ..

မင်း ... ဒီလောက်ညံ့တဲ့လူမဟုတ်ပါဘူး... မင်း... မင်း... 

ငါမင်းကို ချစ်လို့ သတိပေးနေတာနော်...

ဘဝက လက်တွေ့မှာ ကာတွန်းထဲကလို မင်းနောက်ကျောမင်းမမြင်ရဘူး...

မင်း.. စိတ်ကူးတွေနဲ့ အချိန်မကုန်စေနဲ့... 

လမ်း တစ်လမ်းတော့ရှာပေတော့.......

မင်းကို ချစ်တဲ့ ငါ (မိုးစက်) ရဲ့ မှာတမ်းပဲ..

မှတ်ချက်.. ကိုယ့်ကိုယ်ဖတ်ဖို့ပါ။

Comments