မူရင်းပို့စ်- https://www.facebook.com/groups/myeiknews/permalink/2249431901863329/

ဓနိပင်အကြောင်းကို ဆောင်းပါးရေးမယ်လို့တွေးထားမိတာကြာပါပြီ။

အခြေနေအရ အချိန်တွေကြာခဲ့ပါတယ်..

ကျွန်တော်တို့ငယ်ငယ်က တွေ့ခဲ့ဖူးတဲ့(ကစား)ခဲ့ဖူးတဲ့သစ်ပင်နွယ်ပင်တွေဟာ အရင်တုန်းက ဆေးဖက်ဝင်အပင်တွေဆိုတာမသိခဲ့ကြပါဘူး။

ခုလို ကမ္ဘာကြီးဟာရွာကြီးတရွာ လိုဖြစ်လာတဲ့ခေတ်မှာတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အပင်တော်တော်များများဟာ ဆေးဖက်ဝင်တဲ့အပင်တွေဆိုတာသိလာရတယ်။

ဓနိပင်ဆိုတာကိုလည်း ကျွန်တော်တို့အသိစိတ်ထဲမှာ အသီးစားမယ်၊အရွက်ကို ဖက်အဖြစ်အသုံးပြုမယ်၊ဓနိရည်ချို၊ပအုံးရည်၊အဲဒါတွေရနိူင်တယ်ဆိုတဲ့ရိုးရှင်းတဲ့အသိပဲရှိခဲ့ကြတာပါ။တကယ်တော့ ဓနိပင်ဟာ အဖိုးတန်ရတနာတပါးပါ။

အင်္ဂလိပ် .Nipa Palm

ရုက္ခ .Nypa Frutians Wurmb

မြန်မာ .ဓနိ

ရခိုင် .ရီအုန်း ပင်လို့ခေါ်တဲ့ဓနိပင်ဟာ ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်တဲ့ တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်နှင့်ဧရာဝတီတိုင်းဘက်ရေချိုရေငန်စပ်တွေမှာ အလေ့ကျပေါက်ရောက်ရှင်သန်သော အပင်သာဖြစ်ပါတယ်။

ဓနိပင်ရဲ့ပင်စည်ဟာ သက်တမ်းကြာရှည်ပေမဲ့လည်း တခြားအပင်တွေလို အပေါ်သို့မြင့်တက်သွားခြင်းမရှိပါ။

ဓနိပင်ဟာ ‌မြစ်ချောင်း၊ပင်လယ်ကမ်းစပ်တွေမှာပေါက်ရောက်တဲ့အတွက် ကမ်းပါးပြိုခြင်းများကိုလည်းထိန်းသိမ်းပေးပါတယ်။

ဓနိဖက်(သို့)ဖက်

________________

ဓနိရွက်ဟာ အုန်းရွက်၊ကွမ်းသီးပင်အရွက်နဲ့ခပ်ဆင်ဆင်တူပါတယ်။ဓနိရွက်ကို ဓနိပင်မှ ခုတ်ယူပြီး (ဖက်)အဖြစ် အိမ်အမိုးအတွက်အသုံးပြုနိူင်ပါတယ်။ဓနိဖက်မိုးတဲ့အိမ်ဟာ သွပ်မိုးတဲ့အိမ်တွေထက်အေးမြမှုပိုရစေပါတယ်။

ဖက်ဖူး

_______

ဓနိပင်ရဲ့ဗဟိုမှ ရွက်နုအဖူးကိုဆိုလိုတာပါ။ဖက်ဖူးရဲ့အနံ့ဟာ မွှေးပျံ့ပျံ့အနံ့လေးရှိတာမို့‌ဒေသရိုးရာ မုန်းများဖြစ်တဲ့ ကောက်ညှင်းထုပ် မုန့်ဖက်ထုပ် အစရှိသည့်မုန့်များပြုလုပ်တဲ့အခါထုပ်ပိုးအသုံးပြုကြပါတယ်။

ဖက်ဖူးကိုအခြောက်ခံပြီး ထိုင်းနိူင်ငံသို့လည်းတင်သွင်းပါတယ် ထိုင်းလူမျိုးများ ဆေးလိပ်အဖြစ်အသုံးပြုပြီး အတိအကျမပြောနိူင်သော တခြားနေရာတွင်လည်းအသုံးပြုကြပါတယ်။

ဓနိသီး

_____

ဓနိသီးရဲ့အရသာကတော့ အနီးစပ်ဆုံးပြောပြရရင် ထန်းသီးနဲ့တူပါတယ်။ချိုချိုဆိပ့်ဆိပ့်အရသာလေးပါ။

ဓနိသီးနုလေးတွေရဲ့အသားကို သကြား၊နို့စည်နဲ့ရောပြီးသုံး‌ဆောင်နိူင်ပါတယ်။

ဓနိရည်ချို

_________

ဓနိသီးခိုင်ရဲ့အသီးအရင်းနားကဖြတ်ပြီးအညှာမှာကျလာတဲ့အရည်ကို ဓနိရည်ချိုလိုခေါ်ပါတယ်။ ကျွန်တော်တို့ဒေသဘက်မှာတော့ ဓနိရည်ရဖို့အတွက် ဓနိသီးခိုင်ကိုနေ့စဉ် ခြေ(သို့)တခုခုနဲ့ထုကျောက်ရပါတယ် (ဓနိကျောက်)တယ်လို့ခေါ်ပါတယ် ။(၁)လကျော်လောက်ထိထုကျောက်ပြီးမှဓနိသီးခိုင်ကိုဖြတ်ပြီးကျန်ခဲ့တဲ့အညှာတံကို‌နေ့စဉ် ပါးပါးလှီးပြီးအရည်ကို ဝါးဗျောက်(သို့)ရေသန့်ဗူးဖြင့် ခံယူရပါတယ်။ညနေ့ဘက်မှစလှီးပြီးညဘက်ခံလို့ရတဲ့ဓနိရည်ကို(ကြာစစ်ရည်)သို့မဟုတ်(ဓါးဦးရည်)လို့ခေါ်ပါတယ် အလွန်ချိုပါတယ်..

ဆောင်းရာသီအချိန်မှာဆို ဓနိရည်ချိုနှင့်ကောင်ညှင်းပေါင်းဟာ ဘိတ်မြို့ရဲ့ အထင်ကရအစားအစာတခုပါ။

ဓနိရည်ခါး

__________

ဓနိပင်မှထွက်တဲ့ဓနိရည်ကို (၁)ရက်အချိန်လွန်အောင်အထိ ထားလိုက်ရင် ဓနိရည်ဟာ အချိုအရသာမှ ချဉ်ခါးတဲ့အရသာဖြစ်သွားတဲ့အရည်ကိုဓနိရည်ခါးလို့ခေါ်တာပါ။ဓနိရည်ခါးစက်စက်ဟာ အရက်သောက်သူများအတွက်တော့ ဘီယာကိုဈေးကြီးပေးဝယ်သောက်စရာမလိုတဲ့ ယာမကာတမျိုးပါ။ဓနိရည်ခါးနှင့် ဖေါက်‌ဆေးတမျိုးရောစပ်ပြီး ဓနိရည်ခါးအရက်ကိုလည်းထုတ်လုပ်ရရှိနိူင်ပါတယ်

ပျား(သကာ)

___________

ဓနိရည်အချိုကို မီးနဲ့အပူပေးပြီးကျိုချက်ပါက ဓနိပျား(သို့)သကာ၊ထန်းလျှက်နဲ့တူတဲ့ ပျားခဲကိုရရှိပါတယ်။

ပျားခဲကို ‌ရိုးရာမုန့်များပြုလုပ်ရာတွင်အသုံးပြုနိူင်သလို။ပျားအရက်ချက်လုပ်ရာတွင်လည်းအသုံးပြုနိူင်ပါတယ်။

ပအုံးရည်

_________

ဓနိအရည်ကို အချို၊အခါး၊နှစ်မျိုးလုံးအတွက်အသုံးမပြုပဲ စဉ့်အိုး၊ပလပ်စတစ်ပုံးများနဲ့ကြာရှည်သိုလှောင်ထားရင် အရည်ဟာ ချဉ်စူးစူးအရသာဖြစ်သွားပါတယ်။အဲဒီအရည်ကိုပအုံးရည်(Toody Juice)လို့ခေါ်ပါတယ်။

ဒေသနာမည်ကြီးအစားအစာတခုဖြစ်တဲ့မြိတ်ကိုက်ကြေးကိုက်ကြော်တဲ့နေရာမှာ အချဉ်အရသာအတွက် တခြနာမည်ကြီးအချဉ်ရည်တွေအစားထိုးမရပါ။မြိတ်ကိုက်ကြေးကိုက်ကိုပအုံးရည်အသုံးပြုမှ ပကတိအရသာရှိသောမြိတ်ကိုက်ကြေးကိုက်ကိုရရှိမှာဖြစ်ပါတယ်။ပအုံးရည်ကို ငါးပြုပ်ရာတွင်လည်းကောင်း ၊အသုပ်များတွင်လည်းကောင်းအချဉ်ရည်အဖြစ်အသုံးပြုနိူင်ပါတယ်။

ဓနိဖူး

______

ဓနိသီးဖြစ်မဲ့ ပန်းဖူးလေးတွေကိုဓနိဖူးလို့ခေါ်တာပါ။

ဓနိပင်တပင်(သို့)တပုတ်မှာ ဓနီးပန်းဖူး (၂)ခိုင်မှ(၃;၄)ခိုင်အထိပွင့်ပါတယ် ပန်းဖူးတိုင်းလည်းဓနိသီးမဖြစ်ပါ။တချို့ကမျိုးကန်းတွေဖြစ်ပါတယ်။ ဓနိဖူးမှတခြားအသီးမဖြစ်တဲ့ဓနိဖူးလေးတွေကိုခုတ်ယူခြင်းဖြင့်ဓနိသီးအတွက်မထိခိုက်နိူင်ပါ။ဓနိဖူးနုများကို ပါးပါးလှီး၊နေလှန်းပြီး ရေနွေးထဲထည့်သောက်လျှင်  ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ကိုရီးယားလူမျိုးတွေအလေးထားတဲ့ ဂျင်ဆင်းဆေးမြစ်ထက် ဓနိဖူးခြောက်က (၄၄)ဆပိုပြီးအစွမ်းထက်ကြောင်း ကိုရီးယားသုတေသီတို့ကအတည်အလင်းထုတ်ပြန်ထားပါတယ်။

ဓနိဖူးခြောက်ရေနွေကြမ်းသောက်သုံးခြင်းဖြင့် ကောင်းကျိုးရရှိနိူင်တဲ့ရောဂါပေါင်း(၂၀)ကျော်ရှိပါတယ်။

ကျွန်တော်တို့မြန်မာနိူင်ငံမှာသာ ဓနိဖူးခြောက်ကို တွင်တွင်ကျယ်ကျယ်မသုံးကြသေးပေမဲ့ ကိုရီးယားနဲ့ဂျပန်နိူင်ငံမှာတော့ ဓနိဖူးခြောက်တန်ဖိုးကြီးတဲ့ဆေးဝါးတခုအဖြစ်နေရာယူနေပါပြီ။

ယခုတင်ပြတာကတော့အပင်တပင်လုံးမှာတန်ဖိုးများနှင့်ပြည့်နှက်နေသော ကျွန်တော်တို့အနီးအနားမှာရှိတဲ့ တန်ဖိုးမဖြတ်နိူင်တဲ့ သဘာဝကပေးတဲ့ လက်ဆောင်ကို တန်ဖိုးထားမိစေဖို့အတွက် "ရွှေဓနိပင်""အကြောင်းကိုမျှဝေတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

"မသိသူကျော်သွား သိသူဖေါ်စား"

တချို့ပုံများအား Creditပေးပါသည်။

#Mgmyominmyeik

#crd_to_owner


Comments