ကမ္ဘာကြီးစိမ်းလန်းဖို့


"ကမ္ဘာကြီးစိမ်းလန်းဖို့" 

ခေါင်းစဉ်ကြီးက အတော်ကြီးတာပဲ။(ဟီးဟီး) ကမ္ဘာကြီးစိမ်းလန်းဖို့ ဆိုတာ လူတိုင်းလုပ် နိုင်တဲ့အလုပ်သေးသေးလေးတစ်ခုပါ။ အလုပ်သေးသေးလေးဆိုသလို အကြီးကြီးလည်း  ဖြစ်သလိုပဲ။ လူတစ်ဦးတစ်ယောက်ချင်းစီက လုပ်ဆောင်သွားရင် တော့ ကျွန်တော်တို့ ကမ္ဘာကြီး ပြန်လည်စိမ်းလန်းလာမယ်လို့ ကျွန်တော်ယုံကြည်တယ်။ 

ကမ္ဘာကြီးစိန်းလန်းဖို့ ကိုယ်တိုင်ဘာတွေလုပ်ခဲ့သလဲ..

"တကယ်တော့ကျွန်တော်ဘာမှမလုပ်ပါဘူးဗျာ"

ကျွန်တော်လုပ်တာက-

အမှိုက်တွေလက်လွတ်စပယ်မပစ်ဘူး၊ ဆိုင်မှာ မုန့်တွေဝယ်တဲ့အခါ ပလပ်စတစ်အိတ်တွေ မယူဘူး။ မဖြစ်မနေ ယူရတဲ့အခါတော့ ယူရတာပေါ့။ ပြီးတော့ လျှပ်စစ်ဓာတ်အားတွေ လျော့သုံးတယ်။ ဘယ်လိုကြီးလဲ မလိုအပ်ပဲ TV, ပန်ကာ၊ Aircon, နှင့် အခြား လျှပ်စစ်ပစ္စည်းတွေ ဖွင့်မထားဘူးဗျာ။ လျှပ်စစ်ဓာတ်အား ဘာကြောင့် လျှော့သုံးသလဲဆိုတော့ (ပိုက်ဆံဝင်ငွေမကောင်းတာ)၊ ကျွန်တော်တို့ နိုင်ငံက သဘာဝအရင်းအမြစ်ကနေ လျှပ်စစ်ဓာတ် အားကိုရရှိထားတာမဟုတ်ဘူးဗျာ။ လောင်စာဆီတွေလောင်ကျွမ်းပြီး လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အများကြီးထုတ်လွှတ်ပြီးမှ ဒီလျှပ်စစ်ဓာတ်အားကိုရရှိတာ။ ဒါကြောင့် တစ်ယောက်ချင်းစီ ချွေတာခြင်းကလည်း ကမ္ဘာကြီးစိမ်းလန်းဖို့ တစ်ဖမ်းတစ်ကမ်းက ကူညီတာပဲ လို့မြင်ပါတယ်။

 (ဟိုကောင်တွေ လက်နက်အသစ်အဆန်းတွေ စမ်းနေတာကျရော?) 

ကို့ကိုယ်ဖတ်ဖို့ပါ.. နောက်မှပဲ ဆက်ရေးတော့မယ်..  ဟီးဟီး

 

Comments