၂၀၂၁ ခရီးသစ်




ပို့စ်တွေမတင်ဖြစ်တာလည်း ကြာပါပြီ :D။ ကျွန်တော့်ဘလော့ဂ်က စိတ်ဝင်စားစရာမကောင်းသလို Active လည်း မဖြစ်ဘူးလေ။ အင်တာနက်ကလည်း ရလိုက်မရလိုက်နဲ့ပေါ့.. ။

အခုတလော စဉ်းစားမိတာက လူတကာ မရပ်မနား အသစ်အသစ်သော ပညာတွေသင်ကြားလေ့လာ ဆည်းပူးနေချိန်မှာ ကျွန်တော်လည်း ယခင်က အစလေးမျှလေ့လာ ထားပြီး ရပ်နားထားတဲ့ html, css, Javascript တွေကို ပြန် လည်လေ့လာချင်တဲ့ စိတ်ဖြစ်ပေါ်လာတယ်။

ယခင်ရပ်နားလိုက်တဲ့ အကြောင်းအရင်းကလည်း အင်တာနက်မရှိလို့ ဖြစ်ပြီး အခုဆို ကျွန်တော်တို့ရွာမှာ အင်တာ နက်လိုင်းကောင်းကောင်း ရနေပြီ။ ပိုက်ဆံတော့ကုန်တာပေါ့။ အင်တာနက်လိုင်းကောင်းကောင်းရတဲ့ Operator ကလည်း Mytel Operator ဖြစ်နေတော့ စိတ်ထဲတော့တစ်မျိုးဖြစ်မိတယ်။ အရေးအခင်းကာလကြီးမှာ အများက Mytel ဝန်ဆောင်မှုတွေကို မသုံးဖို့တိုက်တွန်းနေကြတဲ့ ကြားထဲကပင် ကျွန်တော် အားနာနာနဲ့ပဲ Mytel ကို အသုံးပြု နေရဦးမည်။ နောက်လိုင်းကောင်းတဲ့ Operator တွေ ရရင် ချက်ချင်းပဲပြောင်းမယ်လို့ ဆုံးဖြတ်ထားတယ်။

ကိုယ့်ရဲ့ခံယူချက်တွေ ဆုံးဖြတ်ချက်တွေ လိုင်းပေါ်လည်း သိပ်မတင်ရဲဘူး.. ။ တင်ပြီး ဘာမှ မဖြစ်လာတာ အသက်(၃၂)နှစ် ပြည့်တဲ့အထိ မယ်မယ်ရရ အလုပ်မရှိတာက သက်သေပဲလေ။

ဒီလိုပဲ မချင့်မရဲ ဒီတနှစ်အတွက် Web ပိုင်းဆိုင်ရာဖြစ်တဲ့ html, CSS, JavaScript တို့ကို လေ့လာလိုက်ဦးမယ်။

အရေးအခင်းကြီးလည်း အမြန်ပြီးဆုံးစေချင်ပြီ။ တိုင်းပြည်က အခုမှ အညှောင့်ထွက်ခါစပဲရှိသေးတယ်။ ဒင်းတို့က အာဏာပဲရူးနေတော့ လူငယ်တွေလည်း လိုရာခရီးမရောက် တိုင်းပြည် ဘိတ်ချီးရောက်ရောပေါ့။ 

Comments