မိတ္တူလိုလို..ဖုန်းပြင်လိုလို... ဘာလိုလို..ညာလိုလို



စာစီစာရိုက်နှင့်မိတ္တူဆိုင်လေး မဖြစ်တစ်ဖြစ် ဖွင့်လာခဲ့တာ ( ၂ ) နှစ်ပဲပြည့်ခဲ့ပြီ.. ရေရေရာရာ ထူးထူးခြား ခြား တိုးတက်ပြောင်းလဲမှု တစ်စုံတစ်ခုတော့ရှိမလာ..။ ဒါပေမယ့်လည်း စိတ်ချမ်းသာနေမိတယ်.. ကိုယ့်ရပ် ကိုယ့်ရွာ၊ ကိုယ့်ဒေသမှာ အရောင်အဆင်းကင်းကင်းနဲ လုပ်ကိုင်စားသောက်ရလို့..။
ပြီးခဲ့တဲ့အပတ်ကပဲ ... မိတ္တူမဆွဲရလို့... စိတ်ထဲပေါ်လာမိတာလေး... ငွေနှစ်သိန်းပြေးချေးပြီး အကောင် အထည်ဖော်လိုက်မိတယ်.. ဒါကတော့ Memory Card, Phone Adapter, USB Cable, Bluetooth Speaker, စသဖြင့် အထက်ပါပစ္စည်းလေးတွေ သွားတယ်လာခဲ့မိတယ်...။ လောလောဆယ်တော့ အကြွေးလေးနှစ်သိန်း တင်တာပဲအဖတ်တင်သေးတယ်။ (ကျွန်တေ့ာ်ဘဝမှ ပထမဆုံး တပါးသူဆီက ငွေချေးခြင်းပါ)။ စိတ်တော့ မလျော့မိဘူး... ဆိုင်အတွင်းမှာ နည်းနည်းလေး စုံလင်လာသလိုခံစားရလို့ သဘောကျမိတယ်။ (:D ကိုယ့်အီးကိုမွှေးဆိုသလိုပေါ့ဗျာ) ဒါ့အပြင် ငွေဖြည့်ကတ်လေးလည်း တင်ရောင်းပါတယ်။ ပြီးတော့ ဖုန်းလည်း ကိုယ့်ဗဟု သုတလေးရှိသလောက် ပြင်ပါတယ်။ ပြင်ဆို.. Hardware ပိုင်းတော့မရဘူး...YouTube မှာတော့ ခဏခဏကြည့်မိတယ်..။ Hardware ပိုင်းနဲ့ပတ်သက်ပြီးတော့လေ..။ ကိုယ်တွေနေရာမှာ မီးကလည်းမရှိ။ စက်ကိရိယာတွေကလည်း ဈေးကြီးတော့ ဒီအပိုင်းလေးကို ချန်လှပ်ထားရတယ်။ Software ပိုင်းကျတော့ User Lock, Frp Lock, Firmware ပြန်ရေး ဒါလေးတွေတော့လုပ်ဖြစ်တယ်။ ကိုယ့်စိတ်ကူးထဲမှာတော့ တနေ့ Mini Market လေးတစ်ခု မြင်ယောင်နေမိတယ်..လေ..။ လွဲများလွဲနေမလားလို့..။ အိမ်ရိုက်သံဝယ်ဖို့ လက်ထဲ မှာ ပိုက်ဆံ (၅၀) ကျန်လို့ စိတ်ပျက်ခဲ့တဲ့နေ့တွေ..တောင်ကျော်လာပြီးပြီပဲ..။


 မိသားစု စားသောက် နိုင်ရုံလေးဆိုပေမယ့်လည်း ဘုရားသခင်ကို ကျေးဇူးတင်မိတယ်.. ကိုယ်တွေထက်အရမ်းပင်ပမ်းတဲ့ မိသားစုတွေ ရဲ့ကြားမှာ၊ အလုပ်အကိုင်ရှားပါးလို့ တိုင်းတပါးထွက်ရုန်းကန်နေရတဲ့ မိသားစုတွေကြားမှာ..ကိုယ့်အိုး၊ကိုယ့် အိမ်၊ ကိုယ့်ရွာကိုယ့်မြေပေါ်မှာပဲ နေခွင့်ပေးလို့။ 

Comments