တော်ရာမှာမပျော်သူ

အိမ်ပြန်ရန်ပြင်ဆင်နေပုံ
တကယ်တော့ ကျွန်တော် ထိုင်းကနေ ကျွန်တော့်နေရပ်ကို အရမ်းကြီးမပြန်ချင်ဘူးဗျာ..။ ငြိမ်းငြိမ်းချမ်းချမ်း လေးနေရဖို့ ပြန်ချင်တယ်..။ မိဘညီအစ်ကိုမောင်နှမ တွေနဲ့အတူတူ ပြန်နေချင်လို့ပြန်ချင်တယ်..။ ဆွေမျိုး အသိုင်းအဝိုင်းများနဲ့ အတူနေချင်လို့ပြန်ချင်တယ်။ ဒီအကြောင်းရင်းတွေတွက်ပါပဲ..။ ဒီလိုနေထိုင်ရင်းနဲ့ ရွာအကျိုးလေးလည်း တတ်နိုင်သလောက်သယ်ပိုးချင်တယ်ပေါ့လေ..။ ဒါပေမယ့်..ခုတော့ ကိုယ့်အကျိုးလေး တောင် ကိုယ်မနည်းသယ်ပိုးနေရပါတော့လား။ ထိုင်းဘက်မှာ နေထိုင်ရတာတော့ မြန်မာတစ်ယောက်အနေနဲ့ သိပ်မအေးချမ်းလှပါဘူးဗျာ။ အခြားသူတွေအတွက်တော့မပြောတတ်တော့ဘူး..။ ညဘက်အပြင်ထွက်ရင် "ဝိုင်လူး (ခေါ်) လူမိုက်များ" ကိုရှောင်ရတာကတစ်မှု၊ ရဲကတွေ့ရင်လည်း မြန်မာမှန်းသိရင် ဟိုစစ်ဒီစစ်ကတစ် မှု၊ လုံခြုံမှုကင်းမဲ့တယ်ဗျာ။ တစ်ဘက်ကပြန်ကြည့်ရင်လည်း ကိုယ်တွေမှာက ယခုချိန်ထိ နိုင်ငံသားစိစစ်ရေး ကတ်က မရှိလေတော့ ဗီဇာ၊ ဘတ်၊ အလုပ်လုပ်ခွင့်ပါမစ်တွေအတွက် အရမ်းအခက်ကြုံရတယ်။
အခုကိုယ့်ရွာလေးပြန်ရောက်တော့ အရမ်းအေးချမ်းတာဗျာ.. ညဘက်သန်းခေါင်ကြီးဖြစ်နေပါစေ တစ်ယောက် တည်း လသာသာ ညလေးမှာ အပြင်တွေလျှောက်သွား...။  မိုးရွာနေလဲပဲ ကလေးလို လယ်ကွင်း၊ ကန်သင်းရိုးတွေထက်မှာ လျှောက်လိုက်သွားလိုက်နဲ့ အရမ်းကိုပျော်မိတယ်ဗျာ..။

Comments