ပြန်လည်ကုစားမည်

ဒီလတွေမှာ ကျွန်တော်စိတ်ဓာတ်ကျစရာအများအပြားကြုံခဲ့ရပါတယ်။ အလုပ်အကိုင်၊ မိသားစုရေးရာ၊ လူမှုရေးရာ၊ အချစ်ရေး၊ စိတ်ပိုင်းဆိုင်ရာ တွေ တော်တော်ပျက်စီးသွားခဲ့တယ်။ အချိန်တိုင်းဝမ်းနည်းအား ငယ်နေတတ်ပြီး အလုပ်အကိုင်မလုပ်ချင်မကိုင်ချင်၊ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတော့ဘဲ ဖြစ်သလိုနေထိုင် စားသောက်နေထိုင်ဖြစ်ခဲ့တယ်။ အမေကတော့ ငါ့သားဘာဖြစ်နေလဲ အတွေးပေါင်းစုံဝင်လျှက်ပင်၊ ဒါပေမယ့် စားချိန်ဆို ကျွန်တော့်အတွက် ထမင်းတွေသေချာကျနစွာပြင်ပေးထားပါတယ်။ ထမင်းစားလည်း အရင်စား နေကျမျိုးမဟုတ်ဘဲ ထမင်းအနည်းငယ်စားပြီး စားချင်စိတ်မရှိလို့ ထားခဲ့သည်ကများပါတယ်။ တစ်ချို့နေ့ တွေဆို ကျွန်တော် ထမင်းမစားဖြစ်ခဲ့ဘူး။ အခုဒီနေ့ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိပါတယ်။ "ငါ ဘာဖြစ်နေလဲ...။ ဘာလိုနေလဲ? ဘာတွေတွေးနေလဲ?" လို့ပေါ့။ 
အဖြေကတော့ သေချာရေရာတဲ့အဖြေမျိုးတော့မတွေ့ခဲ့ဘူး။ ဒါပေမယ့် ဘာဖြစ်ဖြစ် ကျွန်တော် ပုံမှန်လူ တစ်ယောက်ဖြစ်အောင် ပြန်လည်ကြိုးစားနေထိုင်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားမိပါတယ်။

Comments