How to create a playlist on YouTube channel

ဒီတစ်ခါတော့ မိမိ၏ ယူတုချန်နယ်တွင် Playlist တစ်ခု ဖန်တီးပုံလေးကို မျှဝေလိုက်ပါတယ်။ Playlist တွေကို ဘယ်နေရာမှာ ဘာကြောင့် သုံးသင့်သလဲဆိုတော့ အကယ်၍ သင်သည် မိမိချန်နယ်တွင် သီချင်းများ၊ အကြောင်းရာတစ်ခုခုကို ရှင်းပြထားပြီး တစ်ခုတည်းမဟုတ်သော ရုပ်သံဖိုင်များကို ဝေမျှနေသူ တစ်ယောက်ဖြစ်ပါက ၎င်းရုပ်သံဖိုင်များကို Playlist ဖြင့် တင်ပေးပါက ပို၍သင့်တော်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိချန်နယ်သို့ လာရောက်လည်ပတ်ကြည့်ရှုသူများ သီချင်းများနားဆင်လျှင် Album အလိုက်စုစည်းပေးထားပါက သီချင်းခွေ တစ်ခွေလုံးကို တစ်ပုဒ်ပြီးတစ်ပုဒ်လိုက်ရှာနေစရာမလိုတော့ခြင်း၊ တစ်ပုဒ်စီ လိုက်မရှာရခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ Auto Play ရှိနေ၍ သီချင်းများကို အစီစဉ်လိုက် ဖွင့်ပေးနေခြင်းတို့ကြောင့် Playlist ဖန်တီးပါက ပို၍သင့်တော်ပါသည်။ ယူတုချန်နယ် မရှိပါက ယူတုချန်နယ် ဖန်တီးပုံကို ဤလင့် တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Comments