Auto add videos to your YouTube playlist

ဒီတစ်ခါတော့ ယူတုချန်နယ်တွင် မိမိတင်လိုက်သော ရုပ်သံဖိုင်ကို Playlist ထဲကို သွားရောက် ပေါင်းထည့်နေစရာမလိုပဲ Title(နာမည်) ပေးပုံအလိုက် သက်ဆိုင်ရာ Playlist ထဲသို့ အလိုလျောက် ထည့်သွင်းပေးသွားသည့် နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်။ ထိုသို့ရရန်အတွက် ကျွန်တော်တို့ Playlist Setting ထဲက Auto Add tag မှ rule ကိုနှိပ်ပြီး စာသားတစ်ချို့ထည့်ရမည်။ ၎င်းစာသားသည် မိမိ ရုပ်သံဖိုင် လွှင့်တင်ရာတွင် ရုပ်သံဖိုင် (title) အမည် ပေးရာတွင် ပါရမည့် စာသားဖြစ်သည်။ ၎င်းစာသားပါသော မိမိချန်နယ်မှ ရုပ်သံဖိုင်အားလုံးကို Playlist မှ အလိုလျောက် ပေါင်းထည့်သွားမည်ဖြစ်သလို နောက်သင်တင်သည့် ရုပ်သံဖိုင်များတွင်လည်း ၎င်းစာသား ပါလာလျှင် Playlist ထဲသို့ အလိုလျောက် ပေါင်းထည့်သွားမည်ဖြစ်သည်။ အောက်မှာ ပြုလုပ်နည်း Tutorial လေးကြည့်သွားလိုက်ပါနော်။ (ကျေးဇူးတင်ပါသည်)။ Playlist ပြုလုပ်နည်းကို ဤလင့် တွင် လေ့လာနိုင်ပါသည်။

Comments