YouTube Channel တစ်ခုဖန်တီးခြင်း

မင်္ဂလာပါ ဒီတစ်ခါတော့ ကျွန်တော် ကိုယ်ပိုင် ယူတုချန်နယ်တစ်ခု ဖန်တီးပုံပို ဝေမျှသွားပါမယ်...။
(မှတ်ချက်။       ။ Google Account တစ်ခုရှိရပါမည်။ မရှိသေးပါက ဒီလင့် မှာ Google Account ပြုလုပ်နည်း သွားရောက်လေ့လာပါ..။)

(၁) သင့် Browser Address Bar မှာ www.youtube.com ရိုက်ထည့်ပြီး Enter ခေါက်လိုက်လျှင် YouTube ကိုရောက်သွားပါလိမ့်မည်။

( ၂ ) ညာဘက်အပေါ်ထောင့်နားမှ အပြာရောင် Sign In ခုလုတ်လေးကိုနှိပ်ပြီး မိမိ Google Account ဖြင့် Password ရိုက်ထည့်ကာ Sign In ကို နှိပ်ပေးရမှာဖြစ်ပါတယ်။

(၃) Sign In ဝင်ပြီးသွားပါက အောက်ပါပုံတိုင်း တွေ့ရမည်ဖြစ်သည်။

(၄) နံပါတ် ၄ အဆင့်အနေနဲ့ YouTube Menu (1) ကိုနှိပ်ပြီး My Channel (2) နှိပ်ပေးရပါမည်။

(၅) အောက်ပါပုံတိုင်းပေါ်လာပါက မိမိ၏ ချန်နယ်အမည်ကို မိမိကြိုက်နှစ်သက်ရာ အမည်ထည့်သွင်းနိုင်ပြီး
Create Channel ကိုနှိပ်ပေးရပါမည်။

(၆) အောက်ပါပုံတိုင်း မြင်ရလျှင် သင့်ယူတုချန်နယ်တစ်ခုဖန်တီးခြင်း အောင်မြင်သွားပြီဖြစ်သည်။
Channel Name, Channel Description, Profile Picture နှင့် Channel Art မိမိ စိတ်ကြိုက်ပြောင်းလဲထည့်နိုင်သည်။

(ကျေးဇူးတင်ပါသည်။ အားလုံးယူတုချန်နယ်တစ်ခုစီ ပိုင်ဆိုင်နိုင်ကြပါစေ။)

Comments