G-Mail Account လျှောက်ခြင်း

အောက်ပါနည်းလမ်းများဖြင့် သင်သည် G-mail Account တစ်ခု ရယူပိုင်ဆိုင်နိုင်ပါသည်။

(၁) G-Mail Account တစ်ခုလျှောက်ရန် ဒီလင့်ကို နှိပ်ပါ ။ လင့်ကို နှိပ်လိုက်လျှင် အောက်ပါ စာမျက်နှာသို့ သင် ရောက်ရှိသွားမည်ဖြစ်သည်။
အဆင့်၁
( ၂ ) အောက်ပါပုံစံအတိုင်း သင်၏ ပုံစံများကို ဖြည့်သွင်းပေးရပါမည်။ ကျွန်တော် နမူနာ ဖော်ပြထားသည်။
အဆင့် ၂
(၃) ပုံစံများဖြည့်သွင်းပြီးပါက Next step ကို နှိပ်ပြီး အောက်ပါပုံစံပေါ်လာလျှင် Scroll Down ဆွဲချပြီး "I AGREE" ကိုနှိပ်ပေးရပါမည်။ (မှတ်ချက်။    ။ ပုံစံဖြည့်သွင်းမှု မမှန်ကန်ပါက မှားသည့်နေ့ရာတွင် စာလုံးအနီရောင်ဖြင့် ဖော်ပြနေမည်ဖြစ်သည်။) 
အဆင့် ၃
(၄) အခုဆိုရင် သင်သည် G-Mail Account တစ်ခုကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ ၎င်း အီးမေးလ်ဖြင့် သင်၏ သူငယ်ချင်းများကို အီးမေးလ်ပို့ခြင်း၊ ဖွေ့ဘို့အကောင့်လျှောက်ခြင်း၊ ယူတုချန်နယ်များ ဖန်တီးခြင်း၊ နှင့် များစွာသော Website များနှင့် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။ ကိုယ်ပိုင် ဘလော့ဂ်များလည်း ရေး သားနိုင်ပါသည်။ ဒါနဲ့ I AGREE ကိုနှိပ်ပြီးလျှင် အောက်ပါ ပုံတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ညာဘက်အပေါ် ထောင့်မှာပေါ်နေတဲ့ Gmail ကို နှိပ်လိုက်လျှင့် သင့်၏ အီးမေးလ် ထဲသို့ ရောက်သွားမည်ဖြစ်သည်။ ဒါမှမဟုတ် continue ကိုနှိပ်ပြီး သင့်အီးမေးလ်ကို စတင်အသုံးပြုနိုင်ပါသည်။

(ကျေးဇူးတင်ပါသည်)

Comments