ဗိုင်းတာမ ၏ အဓိပ္ပါယ်


  • အကြောင်းအရာ။           ။ "ဗိုင်းတာမ" ဟူသော စကားလုံး၏ အဓိပ္ပါယ်။
  • ရေးသားသူ        ။           ။ ဇေယျာတင့်ဝေ (G+)
ဗိုင်းတာမ ဆိုတဲ့ အဆဲ ကိုကြားဖူးမှာပေါ့။ အခုခေတ်တော့ သိပ်မလေ့တော့ဘူး ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တောင် အသုံး အတော်ရှားပါတယ်။ ဘာကို‌ ရည်းညွှန်းတာလဲ လို့ မေးတဲ့ အခါ. အချို့က 'ဖါသည်မ' လို့‌ပြောတာလို့ ဖြေတယ်။

အမှန်တော့ ဗိုင်းတာမ ဆိုတာ ပြည့်တန်ဆာနဲ့ လားလားမှမဆိုင် ပါဘူးတဲ့။

ရှေးက နန်းတော်ထဲမှာ ညဘက်မီးထွန်းတဲ့ အခါ ဆီမီး ကိုပဲ သုံးရတယ်။ ဆီမီးမှာ သုံးတဲ့ မီးစာ က  ဝါကိုဗိုင်းငင်ပြီး ရလာတဲ့ အဖတ် လေးတွေ ကိုသုံးတယ်။ အဲ့ဒိ အဂွမ်းဖတ်လေးတွေကို အတောင့်လေးတွေဖြစ်အောင် လက်နဲ့ကျစ်ရတယ်။ ဗိုင်းတောင့် လို့ ခေါ်သတဲ့။ အဲ့ဒိလို ကျစ် တာကို 'တာ'တယ် လို့ သုံးနှုံးသတဲ့။

အဲ့ဒိလို ဗိုင်းတောင့်လေးတွေ ကိုကျစ်တဲ့ အလုပ်ကို နန်းတော်ထဲက အနိမ့်စား ကျွန်မ တွေက လုပ်ရပါသတဲ့။ ဆိုလိုတာက အဆင့် အနိမ့်ဆုံး မင်းမှု ထမ်းပေါ့။

ဒါကိုရည်ညွန်းပြီး ဗိုင်းတာမ ဆိုတာ တစ်ဘက်သားကို နှိမ့်ချ ဆဲဆိုတဲ့ စကားလုံးဖြစ် သွားရတာပါ။

မြန်မာ အဘိဓါန်နဲ့ ရွှေနန်းသုံး ဝေါဟာရ အဘိဓါန်မှာ တွေ့ ရတယ်။

Comments